Blogger Widgets

Wednesday 22 May 2013

အာမခံကုမ္ပဏီများ ဇွန်လကုန် လုပ်ငန်းစမည်

အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရထားသော ပုဂ္ဂလိကအာမခံ ကုမ္ပဏီ ၁၂ ခုလုံး ဇွန်လကုန်တွင် လုပ်ငန်းစတင် မည်ဖြစ် ကြောင်း မြန်မာ့အာမခံလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက The Voice သို့ ပြောကြားသည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က ပုဂ္ဂလိက အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားသော ပုဂ္ဂလိက အာမခံ ကုမ္ပဏီ ၁၂ ခုရှိပြီး အသက်အာမခံနှင့် အထွေထွေအာမခံ လုပ်ငန်းနှစ်မျိုး လုပ်ကိုင် ခွင့်ပြုထား
ကြောင်း မြန်မာ့အာမခံလုပ်ငန်း ထံမှ သိရသည်။

အောင်မြင်းမိုရ်မင်း အာမခံကုမ္ပဏီ၊ နိုင်ငံသားစီးပွားရေးအာမခံ အများပိုင် ကုမ္ပဏီနှင့် Capital Life Insurance ကုမ္ပဏီတို့က အသက်အာမခံလုပ်ငန်း လုပ်ကိုင်မည်ဖြစ်ပြီး ပထမအမျိုးသား အာမခံအများပိုင် ကုမ္ပဏီလီမိတက် (First National Insurance Public Co., Ltd.)၊ IKBZ Insurance Public Co., Ltd.၊ Young Insurance Global Co., Ltd.၊ Grand Guardian Insurance Public Co., Ltd.၊ Global World Insurance Co., Ltd.၊ Excellent Fortune Insurance Co., Ltd.၊ ဧရာမြန်မာ အာမခံ ကုမ္ပဏီလီမိတက်
နှင့် အောင်သစ္စာဦး အာမခံကုမ္ပဏီလီမိတက် တို့သည် အသက် အာမခံနှင့် အထွေထွေအာမခံ နှစ်မျိုး လုပ် ကိုင်မည့်ကုမ္ပဏီများ ဖြစ်ကြောင်း ဦးအေးမင်းသိန်းက ပြောကြားသည်။

လတ်တလောတွင် အာမခံလုပ်ငန်း လုပ်ကိုင်ရန် မတည်ငွေရင်း ပေးသွင်းထား သည့် ကုမ္ပဏီခုနစ်ခုရှိပြီး ကျန်ကုမ္ပဏီငါးခုသည် ယခုလအတွင်း အပြီးသတ် ပေးသွင်းသွားမည် ဖြစ်ကြောင်း ၄င်းကပြောဆိုသည်။

အသက်အာမခံလုပ်ငန်း လုပ်ကိုင်မည်ဆိုပါက မတည်ရင်းနှီးငွေ ကျပ်သန်း ခြောက်ထောင် ပေးသွင်းရ မည်
ဖြစ်ပြီး အသက်အာမခံနှင့် အထွေထွေအာမခံ အတွက် ကျပ်သန်းလေးသောင်းခြောက် ထောင် မတည် ရင်းနှီးငွေ ပေးသွင်းရမည် ဖြစ်သည်။

အဆိုပါ မတည်ရင်းနှီးငွေများအနက် ၆၀ ရာခိုင်နှုန်းကို လုပ်ငန်းလည်ပတ်ရန် သုံးစွဲခြင်း၊ ၃၀ ရာခိုင်နှုန်းကို ငွေတိုက် စာချုပ်ဝယ်ယူခြင်း၊ ၁၀ ရာခိုင်နှုန်းကို မြန်မာ့စီးပွားရေးဘဏ်၌ အာမခံကြေး အဖြစ် ထားရှိခြင်းတို့ ပြုလုပ်ရမည်ဖြစ်ကြောင်း အာမခံလုပ်ငန်း ကြီးကြပ်ရေး အဖွဲ့က ကြေညာထားသည်။

ပုဂ္ဂလိကအာမခံ လုပ်ငန်းများကို အသက်အာမခံနှင့် အထွေထွေအာမခံ လုပ်ငန်းတွင် မီး၊ မော်တော်ယာဉ် (အလုံးစုံ)၊ ငွေပို့ငွေလွှဲ၊ ငွေသားလုံခြုံမှုနှင့် သမာဓိအာမခံတို့ကို လုပ်ကိုင်ခွင့်ပြုထား ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်

No comments :

Post a Comment

Blogger Widgets
Back to Top