Blogger Widgets

Thursday 9 May 2013

မမများ အတွက် အချစ်ဗေဒင် (အမျိုးသမီး သီသန့်)

မြန်မာ့ရိုးရာလက်ဆန်း နည်းလေးပါ။ မိန်းခလေးတွေအတွက် သီးသန့်ပါ။ အရွယ်ရောက်တဲ့ မိန်းခလေးတွေ
ကအစ အရွယ်လွန်အပျိုကြီးတွေ တခါတရံ တခုလပ် အိမ်ထောင်ပျက်အစရှိတဲ့ အမျိုးသမီးတွေမှာချစ်စကား
ကမ်းလှမ်း ခံရတာ မေတ္တာရှိကြောင်း ပြောလာတာ၊ လက်ထပ်ခွင့် ပန်လာတာ တွေရှိပါလိမ့်မယ်... ။

ရင်ခုန်ရတာ တဖက် ကြည်နူးရတာ တမျိုးနဲ့ နောက်ဆုံးတကယ် ချစ်တာမှ ဟုတ်ရဲ့လားဆိုတဲ့ စိုးရိမ်စိတ်က
ပေါ်လာစမြဲပေါ့၊ ဒီပညာလေးကလွယ်ပါတယ်။ ဒါပေမယ့် လျှော့မတွက်ပါနဲ့ တကယ်မှန်တာ။

တကယ်ချစ်မချစ် တွက်စစ်ကြည့်မယ်နော်...။

အဆင့်(၁)
ကိုယ့်ကိုချစ်စကားလာပြောတဲ့သူရဲ့ နာမည်အပြည့်အစုံကို ဗေဒင်သင်္ချာဂဏန်းတွေအဖြစ် ပြောင်းပါ။ အက္ခရာနဲ့
သင်္ချာ ဂဏန်းတွဲပြထားပါတယ်၊ ဗျည်းကိုသာယူပါတယ်..။

အမည်ဗျည်းအက္ခရာ ဗေဒင်သင်္ချာဂဏန်း
  • အ ၊ ဥ ၊သြ - ၁
  • က ခ ဂ ဃ င -၂
  • စ ဆ ဇ စ် ည - ၃
  • ယ ရ လ ၀ - ၄
  • ပ ဖ ဗ ဘ မ - ၅
  • သ ဟ - ၆
  • ထ တ ဒ ဓ န - ၇
ဥပမာ ကို အောင် ကျော် ဌေး ဆိုပါတော့ ရှေ့က(မောင်၊ကို၊ဦး) အစရှိတာတွေကိုဖယ်။
အောင်ကျော်ဌေး = အ +က+ ဌ
၁ + ၂+ ၇ = ၁၀
ဒီသဘောပါပဲ တခြားအမည်တွေလဲ ဒီသဘောပါပဲ..။

အဆင့်(၂)
နောက်ပြီး ကိုယ်ရောက်နေတဲ့ အသက်။ ကို့ရဲ့ မွေးနံ သင်္ချာဂဏန်း နဲ့ပေါင်းထား ပါ။

မွေးနေ့ မွေးနံသင်္ချာဂဏန်း
  • တနင်္ဂနွေ ၁
  • တနင်္လာ ၂
  • အင်္ဂါ ၃
  • ဗုဒဟူး ၎
  • ကြာသပတေး ၅
  • သောကြာ ၆
  • စနေ ၇
ဥပမာ မိမိရဲ့ အသက်က (၂၅) နှစ်ထဲရောက်နေရင် ဟို (၂၄) နှစ်ပြည့်ပြီးရင် အဲဒါ (၂၅) ပဲနော်..
  • မိမိက ကြာသပတေးနေ့ မှာမွေးတယ် ဆိုပါစို့။
  • ချစ်ရေးဆိုခံရသူ အသက်=၂၅
  • ချစ်ရေးဆိုခံရသူ၏ မွေးနေ့ သင်္ချာနံ =ကြာသပတေး= ၅
  • အသက် + မွေးနံသင်္ချာ= ၂၅+၅=၃၀
ချစ်ရေးဆိုသူ နာမည်ကို ဂဏန်းနဲ့ဖွဲ့ထားတဲ့ အဆင့်တစ်က ရလဒ်နဲ့ ချစ်ရေးဆိုခံ ရသူရဲ့ အသက် မွေးနံ
သင်္ချာပေါင်းရထားတဲ့ အဆင့် (၂) က ရလဒ် နှစ်ခုလုံးကို ပေါင်းပြီး ခုနှစ်ဂဏန်းနဲ့ စားပါ။

အကြွင်းကိုကြည့်...။
  • အဆင့် ၁ ရလဒ်= ၁၀
  • အဆင့် ၂ ရလဒ်= ၃၀
  • ၂ ခုပေါင်း =၁၀+၃၀=၄၀
  • ၄၀ ကို ၇ နဲ့စားပါ အကြွင်းက ၅ ပါ..။

အကြွင်း ၁ က ၀ ထိ ရေးပေးထားပါတယ်။ ကိုယ့်ကို ချစ်စကားဆိုသူ က ၂ ယောက် ၃ ယောက်ဆိုရင် သူတို့
နာမည်တွေနဲ့ တွက်ကြည့်ပေါ့နော့်....။

နောက်ဆုံး ရတဲ့အကြွင်းကိုကြည့်ပြီး လိုရာသုံးပေရော့..။

အကြွင်း၁။ ။ ရပါက သူ့စကားကတော့ မှန်ပါတယ်။ တကယ်ချစ်နေတာပါ။ ဒါပေမယ့် လက်ထပ်တဲ့ အထိ
တော့ ကိုယ့်အပေါ်မှာ မစဉ်းစားသေးဘူးနော်။ လက်ထပ်မယ်လို့ ပြောလာရင်လဲ အပေါ်ယံပြောတာ။

တကယ် လက်ထပ်နိုင်တဲ့ အခြေအနေ လတ်တလောသူ့မှာ မရှိသေးဘူး။ သူ့မှာ ဖြေရှင်းစရာ။ ရင်ဆိုင်စရာ
မိဘအသိုင်းအ၀ိုင်း ကြားထဲက ချစ်နေရတာ ချစ်သူဘ၀နဲ့ တွဲသွားတွဲလာအဖော်အနေနဲ့တော့ ကောင်းပါ
တယ်။

ဒါပေမယ့်အိမ်ထောင်ဖက်တော့ ဖြစ်လာမှာမဟုတ်ပါဘူး ဆိုတာသေချာပါတယ်။ ချစ်တိုင်းလဲ မညားဆိုတဲ့
စကားကိုသတိရပါ..။

အကြွှင်း၂။ ။ ရခဲ့ရင်တော့ ဟန်ကျတာပဲ။ သူ့အချစ်က တကယ့်ကို စံတင်လောက်တယ်။ သူတကယ်ကိုယ့်
ကိုချစ်နေတာ။ သနားဖို့ကောင်းပါတယ်။ သူ့ဘ၀သူ့အချစ် သူ့မေတ္တာအားလုံး ကိုယ့်ကိုပုံပေးပြီး အဖြေ တုံ့
ပြန်မှုကို တကယ်မျှော်လင့်နေတာ။ သဘောကျလောက်တဲ့ အနေအထား ကိုလိုလားတဲ့ အခြေ အနေများရှိ
ရင် လက်ခံသင့်တဲ့သူပါ။ တခုတော့ရှိတယ်နော်။ သူကတကယ် လက်ထပ်မှာလို့ပဲပြောတာ။ ကိုယ်က မစဉ်း
စားသေးဘူး ဆိုလည်းသူက နောက်ဆုတ်သွားမှာပါ..။ အနှောက်အယှက်မပေးပါဘူး..။

အကြွင်း၃။ ။ ရရင်တော့ ဒီစကားမျိုး ရှင်ပြောတာ များပြီထင်ရဲ့ ကျွန်မက နံပါတ်ဘယ်လောက်လဲ လို့မေး
လိုက်တော့..။ မျက်နှာများတဲ့သူပဲ။ ကိုယ့်ကိုသဘောကျ တွဲချင်တာပဲရှိပါတယ်။ လေးလေးနက်နက် ချစ်တဲ့
အနေအထားတော့ မဟုတ်ဘူးနော်။

လက်ထပ်ပေါင်းသင်းဖို့ နေနေသာသာ ရေရှည်ချစ်ပါ့မလား တောင်မသိ။ ကိုယ်ကလက်ခံမိရင် ကိုယ့်အပြင်
သူနောက်ထပ် တယောက်တွဲနေတာတို့ ကိုယ့်ကိုပစ်ထားလိုက်။ ပြန်လာလိုက်နဲ့ ချစ်တမ်း ကစားနေတာတို့
လုပ်အုံးမှာ။ အသည်းကွဲ ကာကွယ်ဆေးထိုးပြီးမှ ချစ်ပေါ့။ ဒါပေမယ့် ကမ္ဘာမှာ အဲဆေးမပေါ်သေးဘူးနော်..။
မိတ်ဆွေလောက်နဲ့ပဲ ထားဖို့ကောင်းပါတယ်။

အကြွင်း၎။ ။ ရရင် တကယ်ချစ်နေတာပါ။ အတည်ပြောတာပါ။ ကိုယ့်ကို မြတ်နိုးနေတာမှသဲသဲ
လုပ်ပဲ။ ကိုယ့်အတွက်ဆို ဘာကိုရင်ဆိုင်ရစေ ခိုင်မြဲတဲ့ အချစ်နဲ့ မြတ်မြတ်နိုးနိုး တစ်သက်တာ လက်တွဲမယ့်
သူပါ။ သူက စကားနည်းတယ်။ ဒီမေတ္တာစကား ပြောဖို့တောင် တော်တော်အရှိန်ယူရပုံပဲ။ ကိုယ့်အပေါ် သူတတ်
အားသလောက် တင့်တင့်တယ်တယ်ထားမှာအမှန်ပဲ သဘောကျရင် စဉ်းစားဖို့တကယ်ကောင်းတဲ့သူပေါ့။

သူ့ဝန်းကျင် အသိုင်းအ၀န်း။ သူ့အနေအထားတွေကို မိန်းကလေးပီပီ ထည့်တွက်ပေးမယ်။ အချစ်ဘက်က
တော့ အမှတ်ပြည့်တကယ်ပေးထားတယ်။ ကိုယ့်သဘော ကိုယ့်အလို တကယ်လိုက်ပြီး ကိုယ့်မျက်နှာအညိုး
မခံရအောင် သူ့ဘက်က တကယ်ဆောင်ရွက်ပေးမှာပါ လက်ခံလို့ရတယ်။ သူဘက်က လက်ထပ်ဖို့ သေချာ
ပါတယ်။ အချိန်ယူပြီး စဉ်းစားဆုံးဖြတ်ပေါ့..။

အကြွှုင်း၅။ ။ ရပါက သူကိုယ်တိုင်တောင်ဒီစကားပြောတာသေချာရဲ့လား မသိနိုင်ဘူး။ တခါတလေ ကိုယ့်
ကိုချစ်လိုက်။ တစ်ခါတလေ ကိုယ့်ကို မေ့ထားလိုက်လုပ်မှာပါ..။ ရည်းစားစကားပြော ချစ်ခွင့်ပန်ပြီး ဒီစကား
ပဲ သူမပြော သလိုလို။ တခါလောက်ပြောပြီး ကိုက မူပြီး အချိန်ဆွဲ ထားရင် ကြားထဲမှာ ထပ် အဖြေ တောင်း
တော့မှာ မဟုတ်ဘူး။ သူက တကယ်ချစ်တတ်သူမှ ဟုတ်ရဲ့လား။ သူ့ရင်ထဲမှာ အသည်းနှလုံးရော ရှိရဲ့လား
ဆိုတာကို လေ့လာ သူ့စိတ် သူ့ပါတ်ဝန်းကျင်နဲ့ ကိုယ် အဆင်ပြေပါ့မလား....။ တွေးကြည့်ပေါ့။ ငြင်းစရာ မရှိ
လောက်အောင် ပြည့်စုံလို့ လက်ခံမယ် ကိုယ်ကချစ်သာနေပြီး မဆွတ်ခင်ကညွတ် ချင်ချင်ဖြစ်ပြီး သူလာပြော
တာနဲ့ အဖြေပေးခဲ့မိရင် လက်ထပ်ဖို့တော့ အချိန်လေးယူပါအုံး..။

အကြွင်း၆။ ။ ရပြီဆိုရင်တော့ တကယ်ကောင်းတဲ့သူ ဆိုတာသတ်မှတ်လိုက်ပါ။ သူ့မေတ္တာ က အမှန် တည်
ငြိမ်ပါတယ်။ ကိုယ့်မှတပါး နောက်တယောက်ထားမှာ မဟုတ်ဘူး။ ပြီးခဲ့တဲ့ အတိတ်မှာ ဘယ်လောက်ရှုပ်ရှုပ်
ကိုယ်နဲ့ကျမှ တည်တည်ငြိမ်ငြိမ်ဖြစ်မှာ အသက်အနေအထား ဖြတ်သန်းရတဲ့ ၀န်းကျင်တွေကြားထဲမှာ ပေါက်
ဖွားလာတဲ့ အချစ်စစ်။ တကယ်လက်ထပ် သင့်တဲ့သူပေါ့။ သူကသိပ်ချစ်တတ်တဲ့သူ။

ကိုယ့်အလိုတကယ်လိုက်မှာ။ ရေရှည်တည်မြဲပါတယ်။ ကိုယ့်မိဘ ကိုယ့်အသိုင်းအ၀ိုင်း သူ့မိဘ သူ့အသိုင်း
အ၀ိုင်းသာ စပ်ဟပ် လို့ရရင်တော့ ကောင်းပြီးသား အောက်မေ့ပေတော့.။။။

အကြွင်း ၀ ။ ။ ရရင်တော့ မဟန်ပါဘူး။ ကန်တော့ဆွမ်းပါပဲလို့။ သူ့အချစ်နဲ့ ကိုယ်နဲ့ မထိုက်တန် ပါဘူး။
ဟိုမရှင်း ဒီမရှင်း အရှုပ် ထုတ်ထဲ ကိုယ့်ပါဆွဲသွင်းနေတာ။ သူ့ကို သွားကြိုက်မိ လို့ကတော့ ငါးပါးမှောက်ပြီ
သာမှတ်။ ရှေးစကားနဲ့ ပြောတာ မှတ်မိသေးတယ် ဒူးနဲ့မျက်ရေသုတ်နေရမယ်။ သူ့ချစ်စကားကလဲ မဟန်
ချစ်ရေးဆိုပုံကလည်း တစ်မျိုးနှင့် မလည်မ၀ယ် မိန်းကလေးများဆိုရင်တော့. .တာ့တာ။ ပညာပါပါနဲ့ သာ
ဖယ်ထုတ်လိုက်ပါ။ ယောင်လို့များ သွားမတွဲနဲ့ ယူလို့လဲ မကောင်း မယူမိ ရင်လဲ နောက်လိုက် နောင့်ယှက်
ဒုက္ခပေးပြီး အရှက်ခွဲမယ့် သူပေပဲ။ အလိမ္မာလေးနဲ့ ငြင်းလိုက်ပါ။ ဒီနည်းက ချစ်ရေးဆိုချိန်ကို အဓိကထား
ပြီး ပြန်အဖြေ မပေးခင် ချိန်ဆနိုင်အောင် ပေးထား တာပါ။ ချစ်သူ ရှိပြီးသား လူတွေနဲ့ ပတ် သတ်ပြီး တွက်
ကြည့်ချင်ရင် တစ်ဖက်လူကို ချစ်စကားပြောခဲ့တဲ့ အသက်နဲ့ ချိန်ပြီးတွက် ရည်းစားမရှိသေးသူတွေကလည်း
ဘယ် အသက်မှာ ဘယ်နာမည်မျိုးနဲက လူကအချစ်စစ် ကမ်းလှမ်း လာမယ်ဆိုတာ ဥာဏ်ကစားပြီး တွက်
ကြည့်ပေါ့နော့်..

No comments :

Post a Comment

Blogger Widgets
Back to Top