Blogger Widgets

Saturday 11 May 2013

မျက်စိ မှုန်ရခြင်းသည် အကြောင်းရင်း များစွာကြောင့် ဖြစ်နိုင်သည်

အောက်ပါရောဂါ လက္ခဏာ များကို လေ့လာပြီး မျက်စိမှုန် ပြဿနာကို အကြမ်းဖျင်း စစ်ဆေးနိုင်သည်။
(၁) အဝေးမှုန်ခြင်း (Myopia)
မိခင်၊ ဖခင်တစ်ဦးဦး အဝေးမှုန် ပါက သားသမီးများပါ အဝေးမှုန် တတ်သည်။ အနီးကပ် အာရုံစူးစိုက် ကြည့်ရှုဖန်များလျှင် အဝေးမှုန်လာ တတ်သည်။ အဝေးမှုန်ခြင်းကို မျက်မှန်၊ မျက်ကပ်မှန် တပ်ဆင်ခြင်းနှင့် ခွဲစိတ်ခြင်းတို့ဖြင့် ကုသနိုင်သည်။
(၂) အနီးမှုန်ခြင်း (Hyperopia)
ကျွန်ုပ်တို့ အတော်များများသည် မွေးစဉ်ကတည်းက အနီး မှုန်လာကြသည်။ အသက် ကြီးလာသည်နှင့် ကလေးဘ၀မှာပင် အမြင်အာရုံပုံမှန် ဖြစ်လာ တတ်သည်။ သို့သော် အနီးမှုန်ခြင်း ဆက်လက် ဖြစ်ပေါ်နေသူများ၌ အဝေးရှိ အရာဝတ္ထုများသာ ရှင်းရှင်းလင်းလင်း မြင်ရပြီး စာဖတ်လျှင်၊ သိုးမွေးထိုးလျှင် မမြင်ရတော့ဘဲ ခေါင်းကိုက်ခြင်း၊ မျက်ရိုး ကိုက်ခြင်းများ ခံစား ရတတ်သည်။ မျက်မှန်၊ မျက်ကပ်မှန် တပ်ဆင်ခြင်းနှင့် ခွဲစိတ် ခြင်းတို့ဖြင့် ကုသနိုင်သည်။
(၃) သက်ကြီးမှုန် (Presbyopia)
အသက် (၄၀) ကျော်သည်နှင့် အနီးမှုန်၊ အဝေးမြင် ဖြစ်လာခြင်းကို သက်ကြီးမှုန် (Presbyopia) ဟုခေါ်သည်။ စာကြည့်မျက်မှန်နှင့် ဘိုင်ဖို ကယ်မျက်မှန်များ တပ်ဆင်နိုင် သည်။
(၄) မြင်လွှာဆုံချက်မညီခြင်း (Astigmatism)
မျက်ကြည်လွှာ အခုံး ပုံမမှန်လျှင် ပုံရိပ်ဆုံချက် မညီဘဲ မြင်လွှာပေါ် တကွဲတပြား ကျရောက်လေ့ရှိရာ မျက်စိ မှုန်ခြင်းနှင့်အတူ ခေါင်းကိုက် ခြင်း၊ နုံးခြင်း၊ မျက်ရိုးကိုက်ခြင်းတို့ ခံစားရနိုင်သည်။
(၅) အတွင်းတိမ် (Glaucoma)
အတွင်းတိမ်ကြောင့် အမြင် အာရုံကြော (Optic Nerve)ကို ဖိအား ကြာရှည် သက်ရောက်လျှင် အမြင်အာရုံကြော ပျက်စီးပြီး မျက်စိ ကွယ်တတ်သည်။ အမြင်အာရုံချို့ တဲ့လာမှ အတွင်းတိမ် ဖြစ်ကြောင်း သိရလေ့ရှိရာ အတွင်းတိမ်ကို စောစီးစွာ သိရှိနိုင်ရန် အသက် (၄၀)ကျော် သည်နှင့် တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် မျက်စိစမ်းသင့်သည်။
(၆) ရေတိမ် (Cataract)
အသက်အရွယ် ရလာသည်နှင့် မျက်စိ မှန်ဘီလူးတွင် ပရိုတင်းများစု ပုံလာသည့်အခါ မြင်လွှာပေါ်တွင် ပုံရိပ်များစု ဆုံမကျတော့ဘဲ မျက်စိ မှုန်ခြင်း၊ ညအခါ၌ အရောင်များ မူမမှန်ခြင်းတို့ ဖြစ်တတ်သည်။ အလွန်ထူ ထပ်လျက်ရှိသော ရေတိမ်များကို စက်ဝိုင်း တစ်ခုအဖြစ် သာမန်မျက်စိနှင့်ပင် မြင်နိုင်သည်

No comments :

Post a Comment

Blogger Widgets
Back to Top