Blogger Widgets

Tuesday 21 May 2013

ပရိသတ် အသံကို နားစွင့်နေသူ အိချောပို

အိချောပိုက မန္တလေးမှာ ခန့်စည်သူ၊ ခိုင်သင်းကြည် နဲ့ ရုပ်ရှင်ကား ရိုက်ခဲ့ပြီး အဲဒီကားမှာတော့ စိတ်မမှန်တဲ့ အရူး တစ်ယောက် အဖြစ် သရုပ်ဆောင်ထား ပါတယ်။ အရူးတစ်ယောက် အဖြစ် သရုပ်ဆောင်မှုက သူ့ရဲ့ ပထမဆုံး သရုပ် ဆောင်ရ ခြင်းပဲဖြစ်ကြောင်း အိချောပို ကပြောပါတယ်။ မန္တလေးမှာ ဇာတ်ကား ရိုက်အပြီး မှာတော့ ဗီဒီယို ၂ကား ရိုက်ဖို့ အတွက် ပြင်ဦးလွင်ကို ရောက် ရှိနေပါ တယ်။ အခု လက်ရှိမှာတော့ အိချောပိုက “သူခိုး တစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်” ဇာတ်ကား ထွက်ထားပါတယ်။
ဒီဇာတ်ကားရိုက်တုန်းက အမှတ်တရတွေနဲ့ ပတ်သက်ပြီး အိချောပိုက “အမှတ်တရ ဆိုရင် အဝတ်အစားက စုစုပေါင်းနှစ်စုံလောက်ပဲ ကုန် လိုက်တယ်။ အဲဒီကား က အဝတ်အစား နှစ်စုံဖြစ်ပေမယ့် အခန်းတွေ ဆက်စပ်မိအောင် မှတ်ရတာ တော်တော်များတယ်” လို့ဆိုပါတယ်။ ပရိသတ်တွေ ကတော့ စရိုက် ကတည်းက အကြံဥာဏ် ပေးကြပြီး စရိုက်တဲ့ကား မှာမိတ်ကပ် ကို ဘယ်လိုပြင်ဆိုပြီး အကြံပေးကြသလို နောက် ပိုင်းမှာလည်း ဆံပင် မညှပ်ဘဲ အရှည်ထားခိုင်းကြပြီး တချို့ ပရိသတ်တွေကလည်း အိုက်တင်ပိုင်းကို ကြိုက်ကြတယ် လို့ပြောကြောင်း အိချောပို က ပရိသတ် ရဲ့ အသံကို ပြောပါတယ်။ “အိချောက ကာရိုက်တာ အစုံကို သရုပ်ဆောင်ကြည့် ချင်တယ်။ ပရိသတ်တွေက အိချောကို ဘယ်ကာရိုက်တာ နဲ့ ပိုလိုက်တယ်ဆိုတာပဲ နားစွင့်နေရတယ်” လို့အိချောပို က ပြောပြ ပါ
တယ်

No comments :

Post a Comment

Blogger Widgets
Back to Top