Blogger Widgets

Tuesday 2 July 2013

“သီးလေးသီးအဖွဲ့မှ ပန်းသီး နုတ်ထွက်”

pan thi
စိန်သီး၊ ကြယ်သီး၊ ပန်းသီး၊ ဇီးသီး ဆိုပြီး သီးလေးသီး ဆေးရောင်စုံ အငြိမ့် ကို ဇာဂနာက ဖွဲ့စည်းပေးခဲ့ပါတယ်။ ၁ဝနှစ်ကျော် လက်တွဲခဲ့တဲ့ သီးလေးသီး အဖွဲ့ ပဲဖြစ် ပါတယ်။ ခုချိန်မှာတော့ သီးလေးသီး အဖွဲ့ထဲက ပန်းသီး နုတ် ထွက်ခဲ့တယ် ဆိုတဲ့ အင်တာဗျူးကို မိုးမခ ဝက်ဘ်ဆိုက်မှာ ဖြေဆို ထား တာ တွေ့ရပါတယ်။ သီးလေးသီး အဖွဲ့ ထဲကနေ ပန်းသီးက တရားဝင် ထွက်တယ် လို့တော့ အဖွဲ့ ဝင်များကို မပြောဆိုထားဘူးလို့ ပြောလာတဲ့ သီးလေးသီး အဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့ ကြယ်သီး က “ကျွန်တော်တော့ မသိဘူး။ ကျွန်တော်တို့ ကတော့ မထွက်ဘူးလို ထင်တာပဲ။ ထွက်တယ်ဆို တာတော့ မဖြစ်နိုင်ဘူး ထင်ပါတယ်။ မနက်ကတော့ ကျွန်တော်တို့ အစ်ကို ကြီး ကိုဇာဂနာ ဆီကို ဖုန်းဆက်ကြည့် တဲ့အခါ သူ့ဆီကိုတော့ မီဒီယာတွေက မေးကြတယ်လို့ ပြောတယ်” လို့ ပြောပြခဲ့ပါတယ်။
အဆိုပါ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး သီးလေးသီး အဖွဲ့ကို ဖွဲ့စည်းပေးခဲ့တဲ့ ဇာဂနာ ကိုလည်း ဆက်သွယ် မေးမြန်းဖြစ်တဲ့ အခါမှာ တော့ “မနေ့က အထိ ပန်းသီးက ကျွန်တော် နဲ့ အတူ ရှိနေပါတယ်။ မိုး မခက ကိုမောင်ရင်ကလည်း ကျွန် တော့်ကို မနက် ကမေးတယ်။ သီးလေး သီး အဖွဲ့ကို ဆန်ဖရန်စစ္စကို မှာ ပွဲကဖို့ ခေါ်တဲ့ အခါမှာ ပန်းသီးက မလိုက် နိုင်ဘူးလေ။ မလိုက်နိုင်တဲ့ အခါ ကျတော့ သီးလေးသီး အဖွဲ့ထဲကနေပြီး တော့ ထွက်လိုက်တယ်လို့ ကိုမောင်ရင်က ပြောတော့ သိလိုက်ရတယ်။ တရားဝင် ထွက်တယ် ဆိုတာ မျိုးတော့ ကျွန်တော်တို့ အချင်းချင်း ကြားမှာ တစ်ခါမှ မပြော ရသေးဘူး။ ကျွန် တော့်ကိုလည်း သူပြောဖို့ မပြောဝံ့တာ လည်း ပါမှာပေါ့လေ။ ဒါပေမဲ့ အဖွဲ့ ထဲ ကနေ ထွက်တယ်တော့ မဟုတ်ပါဘူး။ အဖွဲ့ အနေ နဲ့ အလုပ် လုပ်ဖို့ ခေါ်ရင်လည်း သူလုပ်မယ်။ သူတစ်ယောက် တည်း လုပ်ချင် တယ်ပေါ့လေ။ သူတစ်ယောက် တည်း လည်း လုပ်မယ်။ အဖွဲ့ ကခေါ်ရင် လည်း လုပ်မယ်။ သို့သော် အဝေးရောက် အသီးပေါ့။ ဧည့်သည် အဖြစ်နဲ့ပေါ့။ သို့သော် သီးလေးသီး အဖွဲ့ကနေ ပြဿနာတစ်စုံ တစ်ရာ ကိုယ့် အချင်းချင်း ရှင်းရတာမျိုးဖြစ်တဲ့ အခါမျိုး ရှိခဲ့ရင်တော့ သူ့အနေနဲ့ သီး လေးသီးဖွဲ့ဝင် မဟုတ်တော့တဲ့ အတွက် ဝင်ပြီးတော့ ရှင်းလို့ မရတော့ဘူးပေါ့။ သူက ဒီမတိုင်ခင် ကတည်းက မွေးနေ့ မှာ တစ်ကိုယ်တော် ဆိုပြီးပွဲ တစ်ပွဲ လုပ်ခဲ့ ဖူးတယ်လေ။ သူက အဲဒီလို တစ် ယောက်တည်းလည်း လုပ်ကြည့် ချင် သေးတယ်။ သီးလေး သီး အဖွဲ့နဲ့ ဆိုရင် သူ့အနေနဲ့ တစ်ယောက်တည်း ရပ်တည် ဖို့က နည်းနည်း ခက်တယ်လေ။ ဒီ သဘောလေးတော့ ရှိ ပါလိမ့် မယ်။ အရင် ကတည်းက သူ တိုင်ပင်ခဲ့ဖူးပါ တယ် ။ မိုးမခက ကျွန်တော့် ဆီကို လှမ်း မေးပါတယ်။ သတင်း တင်လို့ရမလား ဆိုတော့ တင်ချင်ရင် လည်း တင်လိုက်ပါ လို့ ကျွန်တော်ကိုယ်တိုင်ပဲ ပြောခဲ့တာ ပါ” လို့ ပြောပြ ခဲ့ပါတယ်။
သီးလေးသီး အဖွဲ့ထဲကနေ နုတ်ထွက်သွားပြီ ဖြစ်ကြောင်း အဖွဲ့ဝင် တွေ ကိုတော့ တရားဝင် မပြောခဲ့ပေမယ့် တကယ်ပဲ နုတ်ထွက် ခဲ့တာလား လို့ ပန်းသီးကို ဆက် သွယ်မေးမြန်း တဲ့ အခါမှာတော့
“သီးလေးသီး အဖွဲ့ထဲ ကနေ ထွက်တယ် ဆိုတာ ဟုတ်ပါတယ်။ ဘာပြဿနာ မှလည်း မရှိပါဘူး။ ကျွန် တော် လုပ်ချင်တဲ့ အနုပညာ အလုပ် တွေ ရှိတယ်လေ။ ကျွန်တော့် မွေးနေ့ တုန်းကတောင် တစ်ကိုယ်တော်ရှိုး လုပ်ခဲ့သေးတယ်လေ။ နောင်လည်း ကျွန်တော်က အဲဒီလိုမျိုး အလုပ်ကလေး တွေ ပိုပြီး လုပ်ချင်တယ်ဗျ။ နောက် တစ်ခုက ကားရိုက်တဲ့ ဘက်တွေကို လည်း ပိုပြီး အာရုံစိုက်ချင်တယ်။ အဖွဲ့ အစည်း တစ်ခုနဲ့ အလုပ်လုပ် ရတဲ့ အခါကျတော့ တချို့ ဟာလေးတွေ ညှိနှိုင်းဖို့က တအားခက်တယ်။ ကျွန်တော် စဉ်းစားထားတာက တစ်ခုလို ချင်ရင် တစ်ခုတော့ စွန့်လွှတ်ရမှာပဲလေ။ ကျွန်တော်က အနုပညာ အလုပ် တွေ လုပ်တဲ့အခါ သီးလေးသီးအဖွဲ့ ထဲကနေ နုတ်ထွက်တာပေါ့။ နောက် ပိုင်း သီးလေးသီး အဖွဲ့ကနေ ကျွန်တော့် ကို ပွဲလာငှားတာမျိုး ဆိုရင်တော့ လုပ်မှာပါ။ ပြဿနာ မရှိပါဘူး။ သီး လေးသီး အဖွဲ့ထဲကနေ ထွက်တယ် ဆိုတော့ သီးလေးသီး အဖွဲ့နဲ့ ပတ်သက် တဲ့ ကိစ္စလေးတွေ ကြုံလာ ခဲ့ရင်တော့ ကျွန်တော် မသွားဘူးပေါ့။ ကျွန်တော့် လာငှားတာ မျိုး ဆိုရင်တော့ ဧည့်သည် အသီး တစ်သီး အဖြစ်နဲ့ လုပ်မှာပါ။ ကျွန်တော့်ရဲ့ ဆန္ဒတစ်ခု၊ ဦးတည်ချက် တစ်ခုနဲ့ ထွက်တာပါ။ ကျန်တဲ့ ဝေဖန်သံ တွေကိုတော့ သိပ်ပြီး စိတ်ထဲမှာ လည်း ဘာမှ မရှိပါဘူး။ ကျွန်တော် သြဂုတ် လလောက်မှာ မန္တလေးမှာ တစ်ကိုယ် တော်ရှိုးပေါ့။ မန္တလေးက လူရွှင်တော် တွေနဲ့ပေါင်းပြီး ကျွန်တော့်ရဲ့ ဟာသ အစီအစဉ်လေး ပါမယ်။ ကိုဇာဂနာ တို့ စီစဉ်ထားတဲ့ အနုပညာ ပွဲတော် မှာ ပါဝင်မှာပါ။ သီးလေးသီး ကနေ ထွက်သွားတယ် ဆိုတာကလည်း လုပ် ချင်တာ ပေါက် ကရ လုပ်တာ မဟုတ်ပါဘူး ရည်ရွယ်ချက်၊ ဦးတည်ချက် ရှိပါတယ်။ ဒီအချိန်မှာတော့ ကျွန် တော့် ဆရာဖြစ်တဲ့ ကိုဇာဂနာ လည်း စိတ်ဆိုးရင် ဆိုးနေမယ် ။ ဒါပေမဲ့ ကျွန် တော် ရှေ့ဆက်လုပ်မယ့် အနုပညာ အလုပ်တွေကို ကြည့်ပြီးတော့ အားလုံး က ကျေနပ်မယ် လို့ ထင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top