Blogger Widgets
Tuesday 2 July 2013
ခင်ပွန်း ရဲ့  ငယ်ပါ ဖြတ် တဲ့ အမျိုးသမီး ထောင်ဒဏ် တစ်သက် အပြစ် ပေး
110713120343_catherine-becker
ခင်ပွန်း ဖြစ်သူ အိပ်ပျော် နေ စဉ် မှာ ငယ်ပါ ကို ဓား နဲ့  ဖြတ် ပြီး အမှိုက် ပုံး ထဲ လွှတ် ပစ်
ခဲ့ တဲ့ အသက် ၅၀ နှစ် အရွယ် ကတ်သရင်း ကူရ် ကို ကာလီဖိုးနီးယား ခရိုင် Orange County
တရား ရုံး က ထောင် ဒဏ် တစ်သက် ချ မှတ် လိုက် ပါတယ်။
၂၀၀၉ ခုနှစ် ဒီဇင် ဘာလ မှ လက် ထပ် ခဲ့ ပြီး ၂၀၁၁ ခုနှစ် ဇွန် လ မှာ ခင် ပွန်း ဖြစ်သူ အိပ် ပျော်
နေ ခိုက် ခြေ တွေ ၊ လက် တွေ ကို ကုတင် တိုင် နဲ့  တုပ် ချီ နိုး လာ တဲ့ အချိန် ကျ တော့
ဘောင်းဘီကို ဆွဲ ချွတ် ပြီး ငယ်ပါ ကို ဓား နဲ့  ဖြတ် ခဲ့ တာ ဖြစ် ပါတယ်။ ခင် ပွန်း က နိုးလာ ပြီး
က အမှိုက် ပုံး ထဲ သွား လွှတ် ပစ် ပြီး ဖြစ် နေ ပါ ပြီ။
ငယ်ပါ ကို မဖြတ် ခင် မှာ ကတ်သရင်း နဲ့  သူ့  ခင် ပွန်း ဟာ သူငယ်ချင်း ဖြစ် သူ အိမ် မှာ ခေတ္တ လာ
တည်း မယ့် အရေး အတွက် အခြေ အတင် စကား များ ခဲ့ ကြ ပါတယ်။ နောက် တော့ သူ့  ခင် ပွန်း
က အိပ်ယာ အရင် ၀င် သွား ခဲ့ ပါတယ်။
ငယ်ပါ ကို သူခိုး က ဖြတ်ယူ
ကတ်သရင်း က ပဲ ဆေးရုံ ကို ဖုန်းဆက် ပြီး ငယ်ပါ အဖြတ် ခံ ရ လို့  သွေး ထွက် နေ တဲ့ သူ့  ယောင်္ကျား
ကို အရေး ပေါ် ယာဉ် နဲ့  ဆေးရုံ ကို ပို့  ခဲ့ ပါတယ်။
နောက် တစ်လ အကြာ မှာ တော့  အသက် ၆၀ အရွယ် ခင် ပွန်း က တရား စွဲ ဆို ပြီး သူ တို့  နှစ် ဦး
ကွာ ရှင်း ခဲ့ ပါတယ်။
ဗီယက်နမ် မှာ မွေးဖွား ခဲ့ တဲ့ ကတ်သရင်း ကို ထောင် တွင်း နေ ထိုင် မှု ခုနှစ် နှစ် ပြည့် မှ ခံဝန် ကတိ
နဲ့  လွှတ် ပေး ရ မယ် လို့  လဲ တစ် ပါ တည်း အမိန့်  ချ မှတ် ခဲ့ ပါတယ်။
မွေးရာ ပါ ဆုံး ရှုံး ခဲ့ တဲ့ ခင် ပွန်း ရဲ့  နာမည် ကို တော့ တရား ရုံး က ထုတ် ဖော် ပြော ဆို ခြင်း မရှိ ပါဘူး။
ဒီအဖြစ် အပျက် ဟာ ၁၉၉၃ ခုနှစ် က John Wayne Bobbitt ကို သူ့  မိန်းမ က ရှစ် လက်မ ရှည်တဲ့
ဓား နဲ့  ငယ် ပါ ကို ဖြတ် ပြီး ကား ပြတင်း ပေါက် က နေ လွှတ် ပစ် ခဲ့ တဲ့ အဖြစ် အပျက် နဲ့  တူ တယ်
လို့  ဆို ကြ ပါတယ်။ အဲဒီ တုန်း က တော့ တရား သူ ကြီး က ဘောဘစ် ကို မူမမှန် ရူး သွပ် မှု နဲ့  ပြစ်
ဒဏ် က ကွင်း လုံး ကျွတ် လွတ် စေခဲ့ ပါတယ်။ ငယ်ပါ ကို လည်း ကား လမ်း ဘေး မှာ ပြန် တွေ ခဲ့
ပြီး ခွဲ စိတ် ကုသ ကာ ပြန် ဆက် နိုင်ခဲ့ ပါတယ်။
No comments :
Post a Comment
Blogger Widgets
Back to Top