Blogger Widgets

Tuesday 27 May 2014

အူရီးဒူးက ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းတို့တွင် ရွေ့လျားကျန်းမာရေး စောင့်ရှောက်မှုပေးမည်

မတ်လ၂၅ရက်ကကျင်းပသည့် အူရီးဒူးမြန်မာကုမ္ပဏီ မီဒီယာရှင်းလင်းပွဲအခမ်းအနား(ဓာတ်ပုံ−ကျော်ဇင်သန်း)
 
အူရီးဒူးမြန်မာကုမ္ပဏီမှ ကားရှစ်စီးဖြင့် ရွေ့လျားကျန်းမာ ရေးစောင့်ရှောက်မှုများကို အရပ် ဘက်အဖွဲ့အစည်းနှစ်ခုနှင့် ပူး ပေါင်း၍ တိုင်းဒေသကြီးလေးခု တွင် ပြုလုပ်မည်ဖြစ်ကြောင်း သ တင်းရရှိသည်။

ရန်ကုန်နှင့် မန္တလေးတိုင်း ဒေသကြီးတွင် လူဦးရေ ၄၄ ဦး ဆံ့သည့် ကားကြီးနှစ်စီးဖြင့် တစ် နှစ်ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန် ဆောင်ရွက်မည်ဟု အူ ရီးဒူးမြန်မာ၏ အမှုဆောင်အရာရှိ ချုပ် မစ္စတာ ရော့စ်ကော်မက်က ပြောသည်။

မန္တလေး၊ မကွေးနှင့် စစ် ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့ နယ် ၂၀ နှင့် ရွာပေါင်း ၁၈၀၀ ကျော်ကို ကားငယ် ခြောက်စီးဖြင့် ၂ နှစ်ခန့် လိုက်လံကုသပေးမည် ဖြစ်ပြီး Pact Myanmar အဖွဲ့အ စည်းနှင့် ပူးပေါင်းလုပ်ဆောင်မည် ဖြစ်ကာ မိခင်နှင့်ကလေး ကျန်းမာ ရေး၊ အာဟာရဖွံ့ဖြိုးရေးနှင့် ရော ဂါရှာဖွေကုသခြင်းများကို ဆောင် ရွက်မည်ဟု အူရီးဒူးမြန်မာမှ သိရ သည်။

မြို့ပြဒေသများ၌ FHI 360 အဖွဲ့နှင့် ပူးပေါင်းပြီး တစ်နှစ်အ တွင်း လူဦးရေ ၃၆,၀၀၀ ခန့်အထိ ကုသပေးမည်ဖြစ်ရာ စတင်အ ကောင်အထည်ဖော်မည့် အချိန်မ သတ်မှတ်ရသေးဘဲ ၂၀၁၅ နှစ် ကုန်အထိ ဆောင်ရွက်သွားမည် ဟု ဆိုသည်။

‘‘အခုမြန်မာပြည်မှာ ဒီကျန်း မာရေးစောင့်ရှောက်မှု လိုအပ် ချက်တွေ ရှိနေသေးတာကြောင့် ဒီဆေးခန်းတွေ စတင်ဖွင့်လှစ် လုပ်ဆောင်နိုင်ရေးကို ပြင်ဆင်နေ ပါပြီ’’ ဟု အူရီးဒူးမြန်မာ၏ အမှု ဆောင်အရာရှိချုပ်က ပြောသည်။

အူရီးဒူးမြန်မာသည် လက်ရှိ တွင်    မိုဘိုင်းကွန်ရက်တည် ဆောက်မှုများ လုပ်ကိုင်နေပြီး မို ဘိုင်းဆင်းမ်ကတ်များကို သြဂုတ် လနောက်ပိုင်းမှသာ ရောင်းချ မည့်အချိန် ထုတ်ပြန်ပေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။
 
No comments :

Post a Comment

Blogger Widgets
Back to Top