Blogger Widgets

Saturday 17 May 2014

ဟာသ လိုင်းဘက် ရောက်သွား မှာတော့ စိုးရိမ် တယ်လို့ ပြောတဲ့ မေပန်းချီ

ဇာတ်လမ်း မရွေး၊ ကာရိုက် တာမရွေး ဘဲ သရုပ်ဆောင် သူ သရုပ် ဆောင် မေပန်းချီ  က ဟာသ ဇာတ် ကား များတွင် ဟာသ သရုပ် ဆောင် ဒိန်းဒေါင် နှင့်    လိုက်ဖက် ညီစွာ  သရုပ် ဆောင် ခဲ့ သော် လည်း  ဟာသ လိုင်း ဘက် ရောက်သွား မည်ကို စိုးရိမ် ကြောင်း   ပြောခဲ့ သည်။
           ကာရိုက်တာ  တွေကတော့ မျိုးစုံ လုပ် ခဲ့ဖူးပါတယ။် ဒါပေမဲ့ သိပ်တော့မစုံသေး ဘူး။ ပန်းချီ လုပ်ချင်တဲ့ ကာ ရိုက်တာဆန်း ဆန်း တွေကို မလုပ်ရသေးဘူး။ ပန်းချီကတော့ ဒါရိုက်တာတွေခိုင်းတဲ့ အပေါ်   မှာပဲ လုပ်ခဲ့ရ တာ ဆိုတော့ ရွေးချယ်ရမယ့် အခွင့်အရေးမရှိသေး ဘူးလို့ ကိုယ့်ကိုယ် ကိုယ် ထင်ပါတယ်။  ဘာလို့ လဲဆိုတော့ အရမ်းကြီးလည်း တတ်သေးတာ မဟုတ်ဘူးဆိုတော့ ဒါရိုက်တာခိုင်းတဲ့အပေါ် မှာ ဒီ ဇာတ်ရုပ်က ပန်းချီနဲ့ လိုက် တယ်။ လုပ် ပေးပါဆိုတာကို လုပ်ပေးခဲ့ရတာ။ ဒါကတော့ မလုပ်ချင်ဘူးလို့    ပြောပိုင် ခွင့် မရှိသေးဘူးပေါ့ နော်။ ပန်းချီကလည်း စဉ်းစား  ပါတယ်။ တချို့   ကလည်း ဘာလို့ ဟာသကားတွေရိုက်လဲ ပေါ့နော်။ “ကောမစ်” ဆို လည်း“ကောမစ်” ပရိသတ်ရှိတယ်။ သရဲကားဆိုရင်လည်း သရဲ ကားပရိသတ်ရှိတယ်။ အနုပညာလောကမှာ ပြောကြတယ်။ အောက်ကားပေါ့နော်။ သူတို့ လည်း သူ တို့ ပရိသတ်   ရှိတယ်။ ပန်းချီ  က ပရိသတ်အားလုံးကို လေး စားတယ်။ အဲဒီ အချိန်က ကိုဒိန်းဒေါင်က အရမ်းပေါက်နေတဲ့ အချိန်ဆိုတော့   သူတို့က လည်း ကမ်းလှမ်း တယ်ဆိုတော့ ရိုက်ပေးသင့်တယ်ဆိုပြီး ရိုက် ပေးလိုက်တာပါ။ ဒါကလည်း အနုပညာမပါ ဘူးရယ်လို့ ပြောလို့ မ ရ ဘူးလေ။ ပန်းချီက တော့ အကုန်ရိုက်တယ်။ ပန်းချီတို့ ပရိသတ် အစစ်  က နယ်မှာ လည်း အများကြီးရှိတယ်။ အဲဒီအတွက်ကြောင့် နယ်ရော၊ မြို့ရောပေါ့၊ ဟာသကြိုက်တဲ့ ပရိသတ်    အားလုံး အတွက် ညီမျှအောင် ရိုက်ပါ တယ်။ အဲလိုမျိုးရိုက်နေ တော့ ဟာသလိုင်းဘက်ရောက်သွားမှာကို စိုး တော့စိုးရိမ်မိပါတယ်။ ဒါပေမဲ့ အနုပညာ အရ စိတ်ကိုနှစ်ပြီး လုပ်ခဲ့တာဆိုတော့ ကောမစ် လိုင်းက ပေါက်သွားတယ်””ဟု မေပန်းချီ က ပြောသည်။
          မေပန်းချီသည် ဗီဒီယိုကားပေါင်းများ စွာကို ရိုက်ကူးထားရှိပြီးဖြစ်ကာ နောက် ထပ်လည်း ရိုက်ကူး သွား ရန် ရှိကြောင်းနှင့် မေပန်းချီပါဝင်သော  ဗီဒီယိုကားများကို ပရိ သတ်များ ကြည့်ရှုအကဲဖြစ်ပေးရန်လည်း တောင်း ဆို ခဲ့သည်။

No comments :

Post a Comment

Blogger Widgets
Back to Top